- မေးခွန်းတွေ ပြောချင်နေတုန်းပဲ
- အဖြေပြန်ပေးတာ ပျောက်နေတယ်………
- လေးစားမှုတွေ လိုချင်နေတုန်းပဲ
- မျှတမှုက မရှိဘူးဖြစ်နေတယ်………
- မြင့်မြတ်မှုတွေ တောင်းဆိုနေတုန်းပဲ
- ရိုးသားမှုက မပေးဘူးဖြစ်နေတယ်………
- လူကိုသတ်မှ သေတာမဟုတ်တော့
- အရှက်တရားကို
- ဓားစာခံအဖြစ် ဆွဲသွင်းလိုက်ကြတယ်………
- အာဏာရမှ စွမ်းအားရှိတယ်ဆို
- ဘယ်တော့မှ သူရဲကောင်း ဖြစ်မှာ မဟုတ်ဘူး
- အပေါင်းမပြတဲ့ စိတ်ဓာတ်နဲ့တော့
- နေရာတစ်ခု လုပ်ပိုင်ခွင့်တွေယူပြီး အပယ်ခံဘဝမှာ သေလိုက်တော့………
မကျေနပ်ချက်တွေနဲ့
လက်ငါးချောင်းကို စုစည်း
လက်သီးကို တင်းတင်းစုပ်
ထမင်းလုတ် မဟုတ်ပေမဲ့........
ခံစားချက်တွေကို ဝါးချေပြီး
အဆိပ်ကို အစာလုပ်
ငါးစားမဟုတ်တော့ တော်ရုံ မညိတော့ဘူးပေါ့
....