Tuesday, November 28, 2017


  • မေးခွန်းတွေ ပြောချင်နေတုန်းပဲ
  • အဖြေပြန်ပေးတာ ပျောက်နေတယ်………



  • လေးစားမှုတွေ လိုချင်နေတုန်းပဲ
  • မျှတမှုက မရှိဘူးဖြစ်နေတယ်………



  • မြင့်မြတ်မှုတွေ တောင်းဆိုနေတုန်းပဲ
  • ရိုးသားမှုက မပေးဘူးဖြစ်နေတယ်………



  • လူကိုသတ်မှ သေတာမဟုတ်တော့
  • အရှက်တရားကို
  • ဓားစာခံအဖြစ် ဆွဲသွင်းလိုက်ကြတယ်………



  • အာဏာရမှ စွမ်းအားရှိတယ်ဆို
  • ဘယ်တော့မှ သူရဲကောင်း ဖြစ်မှာ မဟုတ်ဘူး



  • အပေါင်းမပြတဲ့ စိတ်ဓာတ်နဲ့တော့
  • နေရာတစ်ခု လုပ်ပိုင်ခွင့်တွေယူပြီး အပယ်ခံဘဝမှာ သေလိုက်တော့………

မကျေနပ်ချက်တွေနဲ့
လက်ငါးချောင်းကို စုစည်း
လက်သီးကို တင်းတင်းစုပ်
ထမင်းလုတ် မဟုတ်ပေမဲ့........
ခံစားချက်တွေကို ဝါးချေပြီး
အဆိပ်ကို အစာလုပ်
ငါးစားမဟုတ်တော့ တော်ရုံ မညိတော့ဘူးပေါ့
....